CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Thursday, February 26, 2009

မိုးရွာတဲ့နေ့









下雨天Xia Yu Tian - Lara Nan Quan Ma Ma



ဒီသီချင်းလေးကတော့ ကျွန်မရဲ့ ပထမဆုံးနဲ့နောက်ဆုံး တိတ်တိတ်လေး ခိုးချစ်ခဲ့ရတဲ့သူအတွက်ပါ
သူ့ကိုလွမ်းမိတဲ့အချိန်ဆိုရင် ဒီသီချင်းနားထောင်ရတိုင်း ငိုမိတယ်

အားလုံးပဲ ခံစားလို့ရအောင် ကျွန်မဘာသာပြန်ပေးထားပါတယ်... :)

သီချင်းလေးနာမည်က "မိုးရွာတဲ့နေ့" တဲ့
Mp3 အတွက်တော့ purplekiss@myluv4ever.com မှာ request လုပ်လို့ရပါတယ်ရှင် :)




မိုးတွေရွာနေပြီ ဘာလိုလုပ်ရမလဲ ငါနင့်ကိုအရမ်းလွမ်းတာပဲ


ငါနင့်ဆီဖုန်းလည်းမဆက်ရဲဘူး ငါ့မှာအကြောင်းပြချက်ရှာမရဘူးလေ


အိပ်မရခြင်းရဲ့အသံတွေက ငါနဲ့ဘာလို့ ရင်းနှီးလာရတာလဲ


တိတ်ဆိတ်မှုတွေကတော့ နင့်အစား


မိုးတိတ်တာကို ငါနဲ့အတူစောင့်နေတယ်



စောင့်မျှော်ရခြင်းက လူတွေကိုပိုပြီး စိတ်ပင်းပန်းစေတယ်


ငါ့လိုမျိုး ကိုယ့်ရဲ့တစ်ယောက်သောသူကို

ရှာမတွေ့တဲ့သူ ဘယ်သူများရှိနေလဲ

နင့်ကိုချစ်မိမှပဲ အထီးကျန်ခြင်းရဲ့အရသာကိုငါအမြဲတမ်း သင်ယူနေရတော့တယ်


ငါတစ်ယောက်တည်းပဲ ထီးကိုကိုင်ရင်း


ငါတစ်ယောက်တည်းပဲ မျက်ရည်တွေကိုသုတ်ရင်း


ငါတစ်ယောက်တည်း တော်တော်လည်း ပင်ပန်းလှပါပြီ



ဒါဟာဘယ်လိုမိုးမျိုးလဲ


ဒီညကရော ဘယ်လိုညလဲ


ငါဆိုတာကရော ဘာကြောင့်နင့်ကို ပိုလွမ်းမိနေတာလဲ


မင်းရဲ့စာနာမှုကိုမရခင်အချိန်ထိ


ဒီမိုးကဘယ်လောက် သည်းနေဦးမလဲ


ညကရောဘယ်လောက် မှောင်နေဦးမှာလဲ



တကယ်တော့ ငါမရှိရင် အဆုံးသတ်ကဘယ်လောက်


ရှင်းလင်းသွားမယ်ဆိုတဲ့ကွာခြားမှုကို နင်ပြောနိုင်မှာပါ


နင်ဝမ်းနည်းနေမယ်လို့မပြောပါနဲ့


နင်ပြောင်းလဲလာနိုင်တယ်လိုလည်း မပြောပါနဲ့


အချစ်ခံရတဲ့သူအတွက်က တောင်းပန်ဖို့မလိုလို့ပါ…

1 comment:

Holydaisy said...

တော်တော်ပင်ပင်ပန်းပန်းကို ဘာသာပြန်ထားတာပဲ..
မိုက်တယ်ဗျာ...
မြန်မာဘာလော့ပေါ့.. ဟင့်.. အချစ်.. ဘာလော့စပေါ့ သုံးတာတော့ဟုတ်ပါတယ်
ငါရန်ကုန်ပြန်ရင် ဘယ်လာလို့ရမလဲ..
ကဲ.. မိုက်ပါတယ်.. စာတွေဘာတွေရော..
layout လေးကိုနည်းနည်းမိုက်မိုက်လေးလုပ်လိုက်ရင်ရပြီ..
အဟိ..