ကဗျာမပီ စာမပီလို့ ပြောလို့ရပါတယ်... ဒီနေ့ စာသင်ချိန် အခန်းထဲမှာ ရေးဖြစ်သွားတာပေါ့... ကိုယ့်အရှုံးအတွက် ကိုယ့်ကိုယ်ကို စိတ်ဖြေနှစ်သိမ့်တဲ့စာဆိုလည်း မမှားပါဘူး... ခေါင်းစဉ်တော့မရှိသေးဘူး... ပေးချင်စိတ်လည်း မရှိပါဘူးလေ... ဖတ်တဲ့သူအတွက် အပျင်းပြေတယ်ဆိုရင်ပဲ ရေးရကြိုးနပ်မှာပါ...
ကြိုသိခဲ့ပေမယ့်
အဆုံးသတ်ချိန်ထိ
အဆင်သင့်မဖြစ်ခဲ့ဘူး
ပေးဆပ်ခဲ့တာတွေအားလုံး
သဲထဲရေသွန်
မထူးဆန်းတော့ပါဘူးလေ
ဘာကိုမှမမျှော်လင့်ခဲ့ပါဘူးလို့
ငါမပြောဘူး
တစ်ခုသောမျှော်လင့်ခြင်းကလည်း
တန်ပြန်မှမလာခဲ့ဘဲ
အလိုဆန္ဒရဲ့ခြေရာ
အိပ်မက်တွေကလည်း
တစ်စစီကြေမွ
နာကျင်ခံပြီး ပြန်ဆက်မနေတော့ဘူး
ကောက်ရိုးမီးလိုနင့်အချစ်ကို
တပ်မက်ခဲ့တဲ့
ကိုယ့်ကိုယ်ကို အပြစ်တင်မယ်
ငါ့ကိုနောင်တရစေတဲ့အရာက
တစ်ချိန်ကငါကိုယ်တိုင်
လိုချင်တပ်မက် တောင်းဆိုခဲ့တဲ့အရာဖြစ်လို့
နောင်တရလားလို့ မမေးသင့်ဘူးကွယ်
အချိန်တန်တော့လည်း
ငါနင့်ကို ဆုံးရှုံးလိုက်တာပါပဲ
ဒါပေမယ့်နင်သိလား
တကယ်ချစ်တဲ့သူမှာ အရှုံးဆိုတာမရှိဘူး
အမှန်ကန်ဆုံးချစ်ခဲ့တဲ့အတွက်
ငါမရှုံးပေမယ့်
အဲဒီအချစ်ကို မမြင်ခဲ့တဲ့သူအတွက်မှာတော့
တစ်သက်တာအချစ်စစ်ကို
ဆုံးရှုံးလိုက်ရခြင်းပဲ
ဒီအချိန်လောက်ဆို
ငါပေးလိုက်တဲ့အရှုံးတွေ
တစ်ပွေ့တစ်ပိုက်နဲ့
နင်တော့ဘယ်ရင်ခွင်မှာ ပျော်နေမယ်ငါမသိ…………
Saturday, February 28, 2009
Subscribe to:
Post Comments (Atom)
3 comments:
ကဗျာမပီ စာမပီဆိုပေမယ့်တော်တော်ကောင်းပါတယ်.အားပေးနေပါတယ်.အဲ့လိုများများရေးပေးပါ.ညီမလေးရေးတာတွေကြိုက်လို့ပါ.
really touching... go on... cool... =)
ငါလွတ်သွားတာတွေအမှီလိုက်နေတာ.. ဟီးဟီး..
မိုက်တယ်တော့.. နင်ရေးတဲ့ ကဗျာတွေထဲမှာ.. ဒီကဗျာလေးကို ကြိုက် တယ်.. ဟီးဟီး.. လန်းတယ်ဗျာ..
Post a Comment