CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Friday, May 27, 2011

WoRlD oF lIvInG hElL

Our lives r never meant for
Loving
All my hopes are shattered
Still I am living in ur shadow

I know I'll be left alone until the end
I never wanted anything but shed my skin to live another day.

It's all over now
Broken and faded away
I've learnt to live ur misery and I will live to rise again

I've been on my own
Living a little more without you
Losing someone u care to live for has cut me deeper as I walked away

On the moonlit light
Reveals what lies beneath for so long
U can't come back for left behind
All of that was ripped apart and gone

Break myself to take the blame
Buried all ur sins inside of me
I sacrificed my vanity
Even if u care, don't ever let me know

Tuesday, March 29, 2011

Sawadee kaaaaa

I know I've been so MIA these days. Sorry guys! I was pretty busy with my assignments and plus house-moving. And still I went to Bkk for a few days to meet up with dad as he was there for medical check up. I just got back here the day before yesterday and was pretty tired too.

I thought about updating my bloggie while I was in Bkk and the connection wasn't favoring me. The only place I can get wireless was near the window of my room, so had to go and stand there even when I wanna check my mail. Haha. Yeah! I know that sucks.

Anyway, I had a great great time there with dad since I'm feeling pretty shitty in Singapore these days. Thanks dad! This time was quite not for shopping, but we went to places which are not quite known by most of the tourists. Chiangmai, Pattaya, Phuket? Come on!!! Everyone's been there.

We went to the beaches call Huahin and Cha-am which are like 3 hours drive from Bangkok. It's nothing compared to our Ngapali or even Chaungthar. The only big hotel you can find there was Hilton and the rest are more like inn or motel to me. But anyway, I enjoyed every single seconds there. The places, the people, weather and food ESP .

Alright, coming up with the pictures tomorrow cuz I'm updating from my phone and too bad, I can't upload photos. Tomorrow will be the day, aite?

Luv u guys!!! Nite nite.

Friday, November 26, 2010

ဘာမှ...

ဘာရယ်တော့မဟုတ်ပါဘူး... ဘာမှမတင်ဖြစ်တာကြာတာနဲ့ စောင့်နေတဲ့သူငယ်ချင်းတွေအတွက် ဆားချက်လိုက်တဲ့သဘောပါ... ပျင်းပျင်းနဲ့လျှောက်ရေးထားတာဆိုတော့ သိပ်တော့မမျှော်လင့်နဲ့ပေါ့ :)



ဘာမှ

ပျော်ရွှင်မှုကို တောင်းဆိုဖို့လောက်ထိ
ငါ့မှာအားမရှိခဲ့သလို
အထီးကျန်မှုကို တွန်းဖယ်ဖို့လောက်လည်း
မစွမ်းသာခဲ့…

ရောင့်ရဲမှုကို
ရေလဲလိုသုံးရင်း
ဟန်ဆောင်ပြုံးကတော့
ညစ်ထေးလျက်ပေါ့…

တစ်ခါတစ်ခါကြတော့
ငါ့ရဲ့ညတွေမှာ
လကတောင်သာဖို့
ငြင်းဆန်နေပြန်တယ်…

ကျောပြင်ပေါင်းများစွာကို
ငေးကြည့်ရင်း
ကိုယ့်ကိုယ်ကိုလိမ်လို့
နောက်လှည့်လိုက်မိတယ်…

ပေါက်တဲ့နှဖူး
မထူးရင်လည်း
ဖိနပ်ပါးအောင်
ငါဆက်သွားလိုက်ပါတော့မယ်…။

Sunday, September 12, 2010

ခေါင်းလေးမော့ပါဦး

ဒီနေ့ဘယ်လိုဖြစ်တယ် မသိဘူး… ပို့စ်အသစ်တစ်ခုခု အရမ်းတင်ချင်နေခဲ့တယ်… တကယ်တမ်းကတော့ တစ်ယောက်ယောက်ကို စကားတွေပြောပြီး ရင်ဖွင့်ချင်နေခဲ့တာပါ… ဒါပေမယ့်လည်း အနားမှာရှိနေတဲ့သူတွေအားလုံးက ပြသနာအသီးသီးနဲ့လေ… အဲ့တော့လည်း သူတို့ကိုပဲ အားပေးစကားပြောရင်းနဲ့ ကိစ္စဝိစ္စအဝဝကို ဖြေရှင်းပေးနေမိတာ… တစ်ခါတစ်လေတော့လည်း ကိုယ့်အကြောင်းကိုယ်စဉ်းစားတာထက် သူများတွေပြသနာဖြေရှင်းပေးရင်း ကြည်နူးရတာ ပိုနေလို့ကောင်းလို့ပါ…

ကိုယ့် Blog ကိုယ်ပြန်ကြည့်လိုက်တော့ အချစ်အကြောင်းတွေ သိပ်များနေတယ်… အချစ်အကြောင်းတွေပဲ ရေးနေလို့ ဒီကောင်မလေးက တစ်ခြားဘာပြသနာမှ မရှိဘူးလို့ မထင်ပါနဲ့… ရှိပါတယ်… ဒါပေမယ့် စာနဲ့ချရေးဖို့နေနေသာသာ စဉ်းစားချင်စိတ်တောင်မရှိလို့ မရေးဖြစ်သေးတာပါ… တစ်ချိန်ချိန်တော့ အခါအခွင့်သင့်သလို ရေးဖြစ်ဦးမယ် ထင်ပါတယ်…

ကဲ… လောလောဆယ်တော့ ရေးချင်တာတွေ သိပ်များပြီး ဘာရေးရမှန်းကိုမသိလို့… သီချင်းလေး တစ်ပုဒ်အရင်တင်ပေးလိုက်ပါတယ်… လှိုင်ဦးမော်ဆိုတာပါ… အခွေကလည်း ထွက်ခဲ့တာ ကြာပါပြီ… ဒါပေမယ့် အခုမှ ပြန်နားထောင်ဖြစ်ရင်းနဲ့ ပြန်ကြိုက်လာလို့ အားလုံးကို Share လုပ်ပါတယ်… ထုံးစံအတိုင်း Mp3 လိုချင်ရင်တော့ kisspurple@gmail.com ကို request လုပ်ပေါ့နော်…

သီချင်းလေးက ချစ်ဖို့ကောင်းတယ်… တစ်ခုခုတော့ ရမှာပါ… ပုံမှန်နားထောင်နေကျ သီချင်းတွေနဲ့တော့ နည်းနည်းကွာမလားပဲ… သူက Alternative ဘက်နည်းနည်းသန်းတာကိုး…



ဘယ်လိုနေလဲသီချင်းလေး ? အားလုံးကြိုက်ကြမယ်တော့ ထင်ပါတယ်…

တစ်ချိန်ကတော့ သီချင်းတွေက ကျွန်မအတွက် အကောင်းဆုံး ကြားခံနယ် ဒါမှမဟုတ်လည်း အောင်သွယ်တော်ကောင်းတွေ ဖြစ်ဖူးခဲ့ကြတယ်ရှင့်…

Monday, September 6, 2010

မသိခြင်းများနှင့် လောကကြီး

ပို့စ်မတင်တာလည်း ကြာခဲ့ပြီဆိုတော့ စောင့်နေတဲ့သူငယ်ချင်းတွေအတွက် အသစ် တင်ပေးလိုက်ပါတယ်… ဒီနေ့ရုပ်ရှင်ကြည့်ဖြစ်ရင်းနဲ့ ဒီပို့စ်ရေးဖို့ဖြစ်လာတာပါ… ပုံမှန်အားဖြင့်ကျွန်မ မြန်မာကားတွေမကြည့်တတ်ပါဘူး… ဖန်တရာတေနေတဲ့ ချစ်ကွဲညားဇာတ်လမ်းတွေ… မရယ်ရတာကို အတင်းကလိထိုးပြီး ရယ်ခိုင်းတဲ့ ဟာသကားတွေ… ဘယ်တော့မှလည်း လွတ်လပ်ရေးမရနိုင်တဲ့ တော်လှန်ရေးကားတွေ… နောက်ဆုံးတော့ အချိန်ကုန်တယ်ကွာလို့ တစ်ခွန်းတည်းပြောပြောနေမိတတ်လို့ မြန်မာကားတွေ မကြည့်ဖြစ်တော့တာပါ…

ဒါပေမယ့် ခြွင်းချက်တော့ရှိတာပေါ့လေ… Satori Production ကထုတ်တဲ့ ဇာတ်လမ်းတွေဆို ကျွန်မကြည့်ပါတယ်… သူ့ဇာတ်လမ်းတွေက များသောအားဖြင့် နိုင်ငံခြားဇာတ်လမ်းတစ်ခုခုကို အခြေခံပြီးရိုက်တာများပါတယ်… ဒါပေမယ့် တိုက်ရိုက်ကြီး မြန်မာမှုပြုလိုက်တာ မဟုတ်တဲ့အတွက် သူတို့ရဲ့အားထုတ်မှုကို ချီးကျူးမိတာလည်းပါပါတယ်… နောက်ပြီးသူတို့သုံးတဲ့ System တွေ… Equipment တွေ… အဓိကကတော့ Sound System နဲ့ သုံးသွားတဲ့ Music လေးတွေပါ… အဲ့ဒါတွေက ပုံမှန်လုပ်နေကြ တစ်ခြားသူတွေရဲ့ Artwork တွေနဲ့ အရမ်းကွာပါတယ်… ထားပါလေ… ဆက်ပြောရင် ကျွန်မ Satori အတွက် Marketing ဆင်းပေးနေတယ် ထင်ကြဦးမယ်…

ဒီနေ့ကြည့်ဖြစ်တဲ့ ဇာတ်လမ်းနာမည်က “သူ” တဲ့… အရူးတစ်ယောက်အကြောင်းပါ… သူ့ကိုသူ Superman လို့ထင်နေတဲ့ အရူးတစ်ယောက်ပေါ့… တစ်ခြားစိတ်မမှန်တဲ့ Character တွေနဲ့ သူ့ကိုခွဲခြားပစ်လိုက်တာက သူ့မှာ Environmentalist တစ်ယောက်ရဲ့ အသိလိုရှိနေတာ… ကျွန်မကလည်း အခုတလော Sustainable Tourism အကြောင်းလေ့လာရင်းနဲ့ Environment Saving ဘက်ကို ပိုပြီးအားသန်နေမိတာဆိုတော့ ဒီဇာတ်လမ်းနဲ့ပါတ်သတ်ပြီး သူများတွေရတာထက် ကျွန်မက ရသတစ်ခုပိုရမလားပဲ…



အဲ့ဒီ Superman က သူကမ္ဘာကြီးနဲ့ လူသားတွေကို တတ်နိုင်သလောက်ကူညီတယ်ပေါ့လေ… လူသားတွေကို Environmental Issue တွေ ပြောပြတယ်… ကမ္ဘာကြီးကို ကယ်တင်ဖို့ စီးရုံးတယ်… သူက အမြဲတမ်း အကူအညီလိုတဲ့သူတွေ့ရင် ကူညီဖို့အဆင်သင့်ဖြစ်နေတတ်တာမျိုးပေါ့… ဒါပေမယ့် တစ်ရက်တော့ အကြောင်းအမျိုးမျိုးကြောင့် သူရဲဖမ်းခံရတယ်… အဲ့ဒီအချိန်မှာ အချုပ်ကပြန်လွတ်ဖို့အတွက် သူ့မှာစိတ်ရောဂါရှိပါတယ်ဆိုတာ ထောက်ခံချက်ပြရတော့တာပေါ့… ဒီလိုနဲ့ သူအချုပ်ကလွတ်လာတော့ စိတ်ရောဂါကုဆေးရုံကို ပြန်ရောက်သွားတယ်… နောက်တော့ သူ့ရဲ့ Superman အဆွဲ ကျွတ်သွားတယ်ဆိုပါတော့… သူ့ရဲ့ ကျန်ရှိတဲ့ဘဝကို ဘယ်လိုဆက်ပြီး ဖြတ်သန်းသွားမယ်ထင်ကြလဲ… (သိချင် ဝယ်ဖတ် တစ်ကျပ် တစ်ကျပ်ပါ :P)

အဲ့ဒီအကြောင်းကို တစ်ခါတုန်းက မေမေနဲ့ စကားပြောခဲ့ကြဖူးတယ်… ကျွန်မတို့ အိမ်နားမှာ စိတ်မမှန်တဲ့ ဦးလေးကြီးတစ်ယောက်ရှိပါတယ်… သူက တကယ်တော့ ဆရာဝန်ပါ… အကြောင်းကြောင်းကြောင့် စိတ်ဖောက်ပြားသွားခဲ့ရတာပါ… ဆရာဝန်ဆိုတည်းက သူ့ရဲ့လူနေမှုအဆင့်အတန်းလည်း မနိမ့်လှပါဘူး… ဒါပေမယ့် ဒါတွေက သူ့အတွက် အရေးမှမကြီးတော့ဘဲ… သူ့မှာ အမြဲဝတ်တတ်တဲ့
အင်္ကျီတစ်ထည် နဲ့ ပုဆိုးတစ်ထည်ပဲ ရှိပါတယ်… ဖိနပ်မပါဘဲလျှောက်သွားတတ်တယ်… ဆေးပေါ့လိပ်ကို ပါးစပ်မှာခဲလို့ပေါ့… သူလိုပဲ စိတ်ဝေဒနာသည်တွေနဲ့ စကားလက်ဆုံကြနေတတ်တယ်… စိတ်ပါရင် သူလူတွေကို ကူညီမယ်… ပုဆိုးစွန်တောင်ဆွဲပြီးသွားတတ်တဲ့သူ့ကို တစ်ချို့ကလည်း စုတ်တသပ်သပ်… တစ်ချို့ကလည်း နှာခေါင်းတရှုံ့ရှုံ့ပေါ့…

ကျွန်မအမေကတော့ ဆိုလာတယ်… အဲ့ဒီသူကိုမြင်ရတာ သနားလွန်းလို့ ဆေးကုပေးချင်တယ်တဲ့… အမေက တကယ်ကို လေးလေးနက်နက်ပြောလာလို့ ကျွန်မလည်း စဉ်းစားမိတာပါ… မဖြစ်နိုင်ဘူးလို့… ဒီကိစ္စက သူတို့အိမ်ကအိမ်သားတွေ သဘောတူဦးမှ ဖြစ်တဲ့ကိစ္စကိုး… နောက်တစ်ခုက သူတို့တွေလည်း ချမ်းသာကြပါတယ်… ကုမယ့်ဆို ဘာမှစဉ်းစားစရာမလိုဘဲ ကုပေးနိုင်ကြတဲ့သူတွေပါ… အဲ့တော့ ဘာမှမဆိုင်တဲ့ သူတစ်ယောက်က ဆေးကုပေးမယ်ဆိုတာကို လက်ခံနိုင်ကြလိမ့်မယ်လို့ ကျွန်မတော့ မထင်ဘူး…

နောက်တစ်ခုက အခုချိန်မှာ သူကစိတ်မမှန်လို့သာ သူ့ဘဝကြီးမှာ နေပျော်နေတာ… သူသာ နေပြန်ကောင်းသွားခဲ့ရင်………..?
တစ်ခါတုန်းက လုပ်ခဲ့ဖူးတဲ့ ဆရာဝန်အလုပ်ကိုလည်း ပြန်လုပ်လို့မရတော့မှာ အမှန်ပဲ… ဘယ်သူက ယုံကြည်စွာလာကုမလဲ? သူ့မှာ လိုအပ်ချက်တွေ များလာမယ်… ရှေ့ဆက် ဘယ်လိုဆက်ခန်းသွားရမယ်ဆိုတာ သူတွေးလာမယ်… မဖြစ်နိုင်တာတွေ များလာတဲ့အချိန်မှာ သူစိတ်ဓါတ်ကျလာမယ်… ဒါမှမဟုတ် သူဟာ သူ့အတွက်ရော သူ့ဘေးကသူတွေအတွက်ပါ လူပိုတစ်ယောက်ဖြစ်လာတယ်လို့ ခံစားလာရမယ်… သူအရင်လို ပျော်ဦးမှာလား? သူအရင်လို လောကကြီးမှာ နေချင်ဦးမှာလား?

အဲဒါကြောင့်… စဉ်းစားမိပါတယ်… တစ်ခါတစ်ရံမှာ တစ်ချို့အရာတွေဟာ ပြုပြင်ပြောင်းလဲမှုလိုအပ်သလို တစ်ချို့အရာတွေကြတော့လည်း ဒီအတိုင်းလေးထားလိုက်ရင် ပိုပြီးအံဝင်ခွင်ကြဖြစ်နေမလားပဲ…

ကျွန်မက လူတွေရဲ့ တန်ဖိုးကို သူဘယ်လောက်ချမ်းသာတယ်… သူဘယ်လောက် အောင်မြင်တယ်… ဒါမှမဟုတ် သူဘယ်လောက် ပညာတတ်တယ်… အဲ့ဒီအပေါ်မှာ မတိုင်းတာပါဘူး… ကိုယ်မသေခင်အချိန်လေးမှာ တတ်အားသလောက် ကိုယ့်ပါတ်ဝန်းကျင်အပေါ်မှာ ဘယ်လောက်ထိ လူသားဆန်စွာ အကျိုးပြုသွားနိုင်တယ်ဆိုတာတွေကိုပဲ ကြည့်ပါတယ်…

ဒါကြောင့်ပဲကြည့်လေ… ဟို Superman ဆိုတဲ့သူတို့… ကျွန်မအိမ်နားက ဦးလေးကြီးတို့… သူတို့ဘာကိုမှာ မသိကြဘူးထားဦး… ပညာတွေတတ်ရက်နဲ့၊ ပိုက်ဆံတွေရှိရက်နဲ့ လူသားဆန်တဲ့အသိမရှိကြတဲ့ သူတစ်ချို့ထက်စာရင် သူတို့တွေပိုပြီး တန်ဖိုးထားခံရတယ်… နေလို့လည်း ပျော်တယ်… သေလို့လည်း ပျော်ပါတယ်…

အင်း… တစ်ခါတစ်လေတော့လည်း… တစ်ချို့ မသိခြင်းတွေက လောကကြီးကို ပိုမိုလှပစေသလားပဲနော်… ရှင်တို့ရော ဘယ်လိုထင်ကြလဲ?

Tuesday, August 3, 2010

ဒီညနှင့် သူဧ။်ရောက်တက်ရာရာ

အစတုန်းကတော့ ဒီနေ့ ဘလော့ဂ်ကို update လုပ်ဖို့ အစီအစဉ်မရှိပါဘူး… သူများ ဘလော့ဂ်တွေဝင်ဖတ်ရင်း အင်တာနက်က ဂန့်သွားတာနဲ့ လုပ်စရာမရှိတော့လို့ပါ… သူများဘလော့ဂ်ဆိုတာ မမီး (နိုင်းနိုင်းစနေ) နဲ့ မစနိုးတို့ရဲ့ ဘလော့ဂ်တွေပါ… သူတို့ဆီက ဟင်းချက်နည်းတွေ လေ့လာနေပါတယ်… အားလုံးကိုလည်း ကြိုပြီး Inform လုပ်ပါတယ်… စာမေးပွဲပြီးတာနဲ့ တစ်ခုပြီးတစ်ခုချက်တော့မှာပါ… စားချင်သမျှကိုလည်း ဆီဘောက်စ်မှာ လာပြောကြပေါ့… အိမ်လာမစားနိုင်ကြရင်တောင် ဓါတ်ပုံတွေတော့ အားလုံးသရေကျအောင်တင်ပေးမယ်လို့ ဆုံးဖြတ်ပြီးသားပါ… :P

အခုတလော စာမေးပွဲတွေအတွက် စာကျက်နေရတာနဲ့ အစားကိုဟုတ်တိပတ်တိလည်း မစားဖြစ်တော့ဘူး… အရင်ကတော့ သူငယ်ချင်းမိုးနဲ့ နေ့တိုင်းနီးပါး ညစာအတူတူထွက်စားနေကြပါ… အခုတလောတော့ သူလည်း အလုပ်တွေများနေတာနဲ့ ညစာတောင်အတူထွက်မစားရတာကြာပါပြီ… အဲ့တော့ တစ်ယောက်တည်းအိမ်မှာ ထွေထွေထူးထူးလုပ်မနေတော့ဘူးလေ… Apple Juice လေးနဲ့ အသီးတစ်ချို့စားပြီးပဲ နေလိုက်တာပေါ့… ကစ်တီ့ကိုတောင် ပြောဖြစ်ပါသေးတယ်… ငါပိန်သွားပြီလို့…

တကယ်ကတော့ ကိုယ့်အထင်နဲ့ကိုယ်ဟုတ်နေတာပါ… ၄ ရက်လောက် အစားမမှန်တာနဲ့ ဘယ်ပိန်ပါ့မလဲ… နေမကောင်းလို့ ၂ပါတ် အစားမစားရတာတောင် ၂ ပေါင်ပဲကျတဲ့ကိစ္စ… အဟင့်… မပြောပါနဲ့… ဝိတ်အကြောင်းပြောရင် စိတ်နာပါတယ်… ဟိုတစ်ရက်ကလည်း မမြင်တာကြာတဲ့ရည်းစားဟောင်းက တွေ့တွေ့ခြင်းပြောသွားပါတယ် “ံHey, babe, you gained weight!!!!!”… ကဲ… ကိုယ့်ကိုယ်ကို သတ်သာသေလိုက်ချင်တော့တယ်…

ထားပါတော့… အဲ့ဒီအကြောင်းကို မေ့ထားပြီး စာမေးပွဲပြီးတာနဲ့ကို စားချင်တာတွေ လုပ်စားပစ်မယ်… ဝယ်စားပစ်မယ်… ချက်ကျွေးခိုင်းမယ်… အဟိ… စာမေးပွဲပြီးရင်ဆိုပြီး အားတင်းထားရတဲ့ Wish List လေးရှိပါတယ်… ခရီးသွားဖို့အစီအစဉ်ကတော့ လုံးဝကိုပျက်သွားပါပြီ… အတူတူသွားမယ့်သူငယ်ချင်းတွေရဲ့ Personal Reason တွေကြောင့်ပါ… သေရေးရှင်ရေးဆိုတော့လည်း မတတ်သာပါဘူး… အပြစ်တင်နေတော့လည်း အပိုပါပဲဆိုပြီး တစ်ယောက်တည်းခရီးထွက်ဖို့ကိုသာ စဉ်းစားနေမိတော့တယ်…

ရန်ကုန်ပြန်ဖို့စဉ်းစားပြန်တော့လည်း ကိုယ့်ဟာကိုယ်ပြန်တွက်ကြည့်တယ်… ဒီကိုစရောက်တာ 16th august 2008 မှာ… 23rd January 2009 ကနေ 16th February 2009 အထိ ရန်ကုန်ကို ပြန်ပါတယ်… 22nd September 2009 ကနေ 22nd October 2009 အထိလည်း ထပ်ပြန်ပါတယ်… 2nd January 2010 ကနေ 12th January 2010 တစ်ခါ… 7th February 2010 ကနေ 25th April 2010 အထိတစ်ခါဆိုတော့…. အခု August မှာ ထပ်ပြန်ခဲ့ရင် အိမ်ကရိုက်တော့မှာပေါ့နော်… ဒါနဲ့ပဲ ဝမ်းနည်းစွာနဲ့ ရန်ကုန်ပြန်ချင်တဲ့စိတ်ကို ချိုးနှိမ်လိုက်ရပါတော့တယ်  ဒီဇင်ဘာကျမှပဲပြန်ပါတော့မယ်လေ… ဟင့်…

သြော်… ဒါနဲ့စကားမစပ်… ဒီနေ့ကံမကောင်းဘူးသိလား…

အစကတော့ ကံကောင်းပြီထင်ပြီး အတော်ပျော်နေတာပါ… ဇာတ်လမ်းကဒီလို…

သူငယ်တန်းတုန်းက ကြိတ်ကြွေဖူးတဲ့အကိုကြီးတစ်ယောက်ရှိပါတယ်… (အဟိ… သူငယ်တန်းတည်းက အဲ့လိုမလွယ်တာ) :P မဟုတ်ပါဘူး… ဒါကဒီလိုရှိပါတယ်… သူငယ်တန်းတုန်းကတွေ့တော့ ဒီအကိုကြီးမိုက်တယ်ပေါ့… ကလေးချင်းအတူ သူက အဆိုတော်ဖြစ်နေတာကိုး… (နာမည်ပြောလိုက်ရင် လူတိုင်းသိမှာစိုးလို့ မပြောတော့ဘူး) အသက်ကလေးရလာတော့ ပိုခိုက်လာတယ်ပေါ့နော်

ဒီနေ့ဖြစ်ချင်တော့ သူငယ်ချင်းတစ်ယောက်နဲ့ပြောနေရင်း အဲ့သူငယ်ချင်းနဲ့အကိုကြီးနဲ့က အသိတွေဖြစ်နေပါတယ်… သူ့ရဲ့ Facebook အကောင့်ကိုတောင်းတော့ ဟိုသူငယ်ချင်းက Facebook ဘယ်လိုမှ ဝင်လို့မရခဲ့ဘူး… အဲ့ဒါနဲ့ ကိုယ်တိုင်ဝင်ရှာတော့လည်း မတွေ့ခဲ့ပါဘူး… နောက်မှ ကစ်တီလာတော့ ကစ်တီ့ကိုပြောပြဖြစ်တယ်… ကစ်တီရှာပေးတော့ တွေ့ပါတယ်… အဲ့ဒါနဲ့ သူလင့်ခ်ပေးတဲ့အချိန်မှာ အဲ့ဒီလင့်ခ်က ဖွင့်လို့မရဘူးဖြစ်နေတယ်… နှိပ်လိုက်ရင် Facebook Home Page ကိုပဲ ရောက်ရောက်သွားတယ်…

အဲ့ဒါနဲ့ ကစ်တီက သူ့ကို Add ဖို့ Suggestion ပို့လိုက်တယ်… ရောက်မလာခဲ့ပါဘူး :P အားမလျှော့ဘဲနဲ့ Email ထဲမှာ ဝင်စစ်လိုက်တော့ Facebook ရဲ့ Notification ရောက်နေပါတယ်… အဲ့ဒီထဲက လင့်ခ်လေးကို နှိပ်လိုက်ချိန်မှာတော့ တော်တော်ကိုအားတက်စရာပါ… Home Page ကိုပဲ ပြန်ရောက်ပါတယ်… အရှုံးပေးလုဆဲဆဲမှာ သူ့ Account ကိုဖွင့်လို့ရသွားတယ်… အားတက်သရောနဲ့ပေါ့… ဓါတ်ပုံတွေကြည့်လိုက်ချိန်မှာတော့ သူအခြောက်ဖြစ်သွားပါပြီ… အောင်မလေး… အရပ်ကတို့ရဲ့… ကြားလို့မှ ကောင်းကြသေးရဲ့လား…

ရင်ထဲမှာဘာကြီးဖြစ်သွားမှန်းကို မသိဘူး… ဒါပေမယ့်လည်း အကောင်းဘက်က တွေးပေးလိုက်ပါတယ်… ငယ်ငယ်ထဲကသာ ကြိုက်ဖြစ်ခဲ့ကြရင်ဒုက္ခလို့… EMS နဲ့ကြိုက်နေရင်းသာ သူကတစ်ခြားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်နေပါပြီတဲ့… ဘယ်လိုမှ ဖြေသိမ့်နိုင်မယ်မထင်… :P (ညကျရင် ဒီလူကြီးကို အိပ်မက်မမက်အောင် ဆုတောင်းပေးကြပါဗျာ)



ကဲ… နားမယ်ဂျာ…
ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ…
EMS
2.8.2010
2:38 AM

Tuesday, July 27, 2010

ကစားပွဲ




စည်းကမ်းတွေ
မရှိခဲ့ဘူး
တားမြစ်ချက်တွေလည်း
မရှိခဲ့ပါဘူး
တံခါးမရှိသလို
ချည်နှောင်ထားခြင်းလည်းကင်းမဲ့ခဲ့…

ငယ်သူမို့မသိပါတဲ့လား
ငယ်သူမို့ပဲ မသိချင်ယောင်ဆောင်ပေးခဲ့ရတာပါ
တစ်ရံတစ်ခါတော့
ငယ်သူ့အချစ်ကို လေးစားစေချင်သေးလား…
လေးစားစေချင်သေးရဲ့…

ဦးနှောက်ရဲ့ချိန်ဆမှုထက်
နှလုံးသားရဲ့ဆန္ဒက
အလေးပိုသာသွားတဲ့အခါ
ဆုံးဖြတ်မှား တစ်ကြိမ်လောက်တော့ ချခွင့်ပေးပါ…

နောင်ပြန်မရနိုင်မယ့်
ခဏလေးတွေအတွက်
ပေးဆပ်လိုက်ရတဲ့တန်ဖိုးကို
ဒြပ်ရှိတွေနဲ့တော့ မတိုင်းတာနဲ့ပေါ့
အချစ်မှာအချစ်ပဲရှိတယ်လို့
မိုက်ရူးရဲဆန်စွာ
ဆက်လက်ကြွေးကြော်နေပါရစေ…

နေ့ရက်တိုင်းကို
မသေချာခြင်း၊ မရေရာခြင်းတွေနဲ့
အဆုံးသတ်ရတဲ့အခါ
ဘာကြောင့်လဲလို့
ပြန်သုံးသပ်တတ်လာပေမယ့်လည်းလေ…
ကိုယ့်စိတ်ကိုယ်မှမပိုင်တော့တာ…

မြင်နိုင်တဲ့မျက်လုံးတွေဖွင့်ထားရက်နဲ့ကွယ်
ဘာကြောင့်များ ခံစားတတ်တဲ့နှလုံးသားကိုတော့
အတင်းအကျပ်လျစ်လျူရှုခဲ့လဲ…

ကျောက်ဆောင်တွေကတိုက်ပါများရင်
နဲ့လာတတ်တာတဲ့...
ငါကတော့ မြင်းမိုရ်တောင်ကို
ခေါင်းနဲ့တိုက်ရွှေ့ဖို့ အားထုတ်နေခဲ့တာလား…

ဒီလိုနဲ့ပဲ…
ပိုင်ဆိုင်ဖို့ကြိုးစားရင်း
စွန့်လွှတ်စရာဆိုတာ
မကျန်တော့လောက်အောင်
ဖြစ်ခဲ့ရတာပါ…

နောက်ဆုံးတော့ ငါ့ဘဝနဲ့လဲပြီး
လောင်းကြေးထပ်ခဲ့တယ်
ငါ့နှလုံးသားမှာ နင့်ခြေရာတောင်
ထင်မကျန်စေခဲ့ရဘူး…

EMS
27.7.2010
3:54 AM