CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Friday, March 20, 2009

ရရှိမှု


YaShiMhu - Khin Phone




ဘာကြောင့်လဲမသိဘူး… ဒီသီချင်းကြားရတော့ မျက်ရည်တွေ အလိုလိုကျလာမိတယ်… ကျွန်မရှင့်ကို မေ့လို့မရသေးဘူးထင်ပါရဲ့… နှလုံးသားတစ်ခုကို ရှင်ရက်နဲ့ သေနေအောင် ရှင်မို့လို့ လုပ်ရက်ခဲ့တယ်နော်… ရှင်တော်ပါတယ်… ကျွန်မအခုလေ ဘယ်သူ့ကိုမှလည်း ချစ်လို့မရတော့ဘူး… ရှင့်ကိုလည်း မေ့လို့မရဘူး… ကျွန်မကိုချစ်တဲ့သူတွေကိုလည်း အသိအမှတ်မပြုပေးနိုင်တော့ဘူး… ရှင်ကျွန်မအချစ်ကို အသိအမှတ်မပြုချိန်တွေကလိုမျိုး သူတို့လည်းခံစားရမယ် ထင်ပါရဲ့ရှင်… ဒီလိုနဲ့ပဲ ဘယ်အချိန်ထိ သံသရာတွေ ဆက်လည်နေမယ်မသိပါဘူး…

ကျွန်မလေရှင့်အကြောင်းကို စဉ်းစားမိတိုင်း ကျွန်မရဲ့နှလုံးသားက တစ်စက်စက်နဲ့ သွေးယိုလာသလို နာကျင်လာတယ်… တကယ်တော့ ကျွန်မသိခဲ့ဖို့ကောင်းတယ်… အချစ်မှာ Past Tense မရှိဘူးဆိုတာ… အချစ်မှာ ချစ်ခဲ့တယ်ဆိုတာမရှိဘူး… လူတစ်ယောက်ကို ချစ်မိရင် အဲဒီလူဘာပဲဖြစ်ဖြစ် ဘယ်အခြေအနေမျိုးနဲ့ပဲရှိရှိ ဆက်ချစ်နေမှာပဲ… ဘယ်အခြေအနေကမှာ အဲဒီအချစ်ကို ဖျက်ဆီးပစ်လို့မရပါဘူး… ကျွန်မလည်း အခုဒီလိုပါပဲ… ရှင်ကလွဲပြီး ဘယ်သူ့ကိုမှ ချစ်လို့မရဘူးရှင်… အဲဒါဟာ ရှင့်နောက်မှထားတဲ့ ကျွန်မရဲ့ရည်းစားပေါ် သစ္စာဖောက်မှုဖြစ်နေတော့မလားဆိုတာ ကျွန်မမသိဘူး…

ကျွန်မရှင့်ကို နာကျည်းလိုက်ချင်ပါတယ်… ဒါပေမယ့် နာကျည်းလို့မရလောက်အောင် ကျွန်မရှင့်ကို မြတ်နိုးမိနေတယ်… ကျွန်မရှင့်ကို မုန်းတီးလိုက်ချင်တယ်… မုန်းတီးလို့မရလောက်အောင်လည်း မက်မောတမ်းတခဲ့မိတယ်… အငြိုးတကြီးနဲ့ လက်စားချေချင်စိတ်တွေလည်း ပေါ်လာဖူးတာပဲ… ဒါပေမယ့် နူးညံ့မှုနည်းနည်းမှမပါတဲ့ ရှင့်ရဲ့ခေါ်သံအောက်မှာ အရည်ပျော်ခဲ့ရတာ အကြိမ်ကြိမ်ပဲပေါ့… ချစ်ခဲ့တဲ့အချိန်တွေမှာ ရှင့်ဘက်ကဖန်တီးပေးတဲ့ ပျော်ရွှင်မှုဆိုတာ ရှိခဲ့ဖူးလား… သာမန်မိန်းမတိုင်းကို စိတ်ညစ်လောက်စေမယ့် ရှင့်ရဲ့လျစ်လျုရှုမှုတွေကြားမှာ ကျွန်မကသာရှင့်ကိုချစ်လွန်းလို့ ပျော်ရွှင်နေခဲ့ဖူးတာ… ဆန့်ကျင်စွာနဲ့ပဲ ကျွန်မဖန်တီးပေးသမျှ ရှင့်အတွက်ပျော်ရွှင်မှုတွေကိုတော့ ရှင်မြင်နိုင်စွမ်းမရှိနိုင်ခဲ့ဘူးပေါ့…

ထားလိုက်ပါတော့လေ… ကြာခဲ့ပါပြီ… ဒါပေမယ့် အခုတော့ ဒီသီချင်းနားထောင်ပြီး ရှင့်ကိုကျွန်မလွမ်းနေတယ်… ရှင်သိသိမသိသိပေါ့…


ရရှိမှု-ခင်ဘုဏ်း

မာနတွေကင်းမဲ့
ခွင့်လွှတ်ခဲ့ပါတယ်
အချစ်ဆုံးသူလေးရဲ့
မင်းသဘောထားတွေနဲ့
မတိုက်ဆိုင်တာလေးတွေ
ကြုံလာတိုင်းငါ့ရဲ့အပြစ်ဆို
အနိုင်မယူချင်လို့
အရှုံးပေးမယ့်သူပါ

နင့်အနားမှာအဖြည့်ခံ
မင်းစိတ်ကြိုက်ပါပဲ
နာကျည်းအောင်မင်းလေး
ရက်စက်တတ်တာပဲ
ဘဝကိုပုံအပ်ထား
မငြိုငြင်ဘူးမင်းအတွက်ဆို
ချည်နှောင်ခါလည်း
မမုန်းရက်ခဲ့သူပါ

ငါလေမင်းကြောင့်ပျော်ရွှင်ခဲ့ဘူးတယ်
ခဏလေးမင်းကြောင့်အိပ်မက်များ လှပခဲ့ပေမယ့်
ငါလေမင်းကြောင့်ငိုနေခဲ့ဖူးတယ်
ငါလေမင်းကြောင့်ဒဏ်ရာများ
ရခဲ့ဖူးပါတယ်
ဘေဘီ

2 comments:

phuphu said...

ရေးထားတဲ့စာကိုယ်ဖတ်နေတဲ့ အချိန်မှာပဲ ညီမလေးရဲ့
ခံစားချက်ကို တော်တော်ကိုယ်ချင်းစာမိသွားတယ်။စိတ်မကောင်းလည်းဖြစ်မိတယ်။
သီချင်းလေးပါနားထောင်လိုက်တော့ မျက်ရည်ဝဲမိပါတယ်။
ချစ်ရသူနဲ့ ပေါင်းစည်းခွင့်ရပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။

kitty said...

ဟိုဖက်တီးပုပ်လား.. ရေးထားတာက. ဟီးဟီး..
အချစ်ကလေး.. ညည်းလက်တတ်လာတယ်.. အားတောင်ကျလာပြီ...ကဗျာတွေရော.. စာတွေရောပေါ့ဗျာ.. အဟတ်.. အချစ်တုန်းလေး.. ကျန်းမာရေးဂရုစိုက်ပါဂျာ..